ဗုဒ္ဓသည် လာလှည့်၊ ရှုလော့ ဟုသာဆိုခဲ့သည်...။ လာလော့၊ ယုံကြည်လော့ ဟု မဆိုခဲ့ပါ..။

Thursday, February 14, 2013

"ဘာသာခြားတစ်ယောက်က ဗုဒ္ဓညဏ်တော်ကိုဝေဖန်ခြင်း"

ဒကာ ။ ဆရာတော်တို့ဘုရားက သဗ္ဗညုတ သိစရာမှန်သမျှ အကုန်သိတယ် လို့လည်း ပြောကြတယ် ။ တစ်ခါ အခုလို သာသနာနှစ် ကြာလာတဲ့အချိန်မှာ အဆိုးဆုံး ဘာသာခြားတစ်ခု ပေါ်လာလိမ့်မယ် ။အဲဒီဘာသာခြားတွေက ဗုဒ္ဓဘာသာကို လူဖောက်
သာသနာပြုပြီးဖျက်ဆီးကြလိမ့်မည်လို့ဟောခဲ့တယ်လို့လည်း တပည့်တော် မကြားဖူးပါ ဘုရား ။ဒီတော့ အကုန်သိတယ်ဆိုရင်လည်း ဒီအကြောင်းတွေ ဟောခဲ့ရမယ် ။ အခု မဟောခဲ့ပုံကိုထောက်သောအားဖြင့် ဒီအကြောင်းတွေဖြစ်လာမယ်ဆိုတာ မသိလို့ဆိုတဲ့သဘော သက်ရောက်မနေဘူးလား ဘုရား ။
ဆရာတော် ။ ဒကာ ၊ ဒကာတို့အိမ်ဝိုင်းမှာ သရက်ပင် ၊ ဘယ်နှစ်ပင်ရှိတုန်း ။
ဒကာ ။ လေးပင်ရှိပါတယ်ဘုရား ။
ဆရာတော် ။ အုန်းပင်ရော ဘယ်နှစ်ပင်ရှိတုန်း ။
ဒကာ ။ ငါးပင်ရှိပါတယ် ဘုရား ။
ဆရာတော် ။ ဒါနဲ့ မြက်ပင်တွေရော ဘယ်နှစ်ပင်ရှိတုန်း ။
ဒကာ ။ ဟာ…..မြက်ပင်တွေတော့ တပည့်တော် ဘယ်ရေတွက်ထားမလဲဘုရား။
ဆရာတော် ။ သရက်ပင် ၊ အုန်းပင် ကျတော့ ရေတွက်ထားပြီး မြက်ပင်ကျတော့ဘာလို့
ရေတွက်မထားတာလဲ ။
ဒကာ ။သရက်ပင် ၊ အုန်းပင် ကတော့ တန်ဘိုးရှိတဲ့အပင်ဆိုတော့ မှတ်ထားတာပေါ့ဘုရား ။ မြက်ပင်တွေကတော့ ကောင်းကျိုးမပြုတဲ့ အပင်တွေဆိုတော့ ဘယ်ရေတွက်ပြီး မှတ်ထားတော့မလဲ ဘုရား ။
ဆရာတော် ။ ဒကာ ၊ အဲဒီဥပမာအတိုင်းပဲ ၊ဗုဒ္ဓကမသိလို့မဟုတ်ဘူးသိတယ်။ဒါပေမယ့်ဒကာကိုယ်တိုင်
တန်ဘိုးမရှိတဲ့ မြက်ပင်တွေကို ရေတွက်ပြီးမှတ်မထားသလိုဗုဒ္ဓကလည်း တန်ဘိုးမရှိတဲ့ မြက်အမှိုက်
လောက်အဆင့်သာရှိတဲ့ ဒကာတို့ဘာသာဝင်တွေကိုလည်း တကူးတက ထည့်မဟောခဲ့တာပါ ။
အတွေးအခေါ် အသိဥာဏ် ရှိတဲ့လူသားတွေ လက်မခံတဲ့ ဒကာတို့ဘာသာဟာလည်း ကြာလေ ကမ္ဘာက ပျောက်လေ ဖြစ်သွားမှာကို ကြိုသိလို့ ဘာမှပူစရာမရှိလို့ ဗုဒ္ဓက ကြိုမဟောခဲ့တာပဲ ဒကာ ။
ထို ဘာသာခြားဒကာကား ခေါင်းငိုက်စိုက်ချလျက် ဘာမှ ဆက် မပြောနိုင်တော့ပေ။
ကျမ်းကိုး
မေတ္တာရှင် ( ရွှေပြည်သာ ) ဘ၀နှင့်ရင်းရသောအတွေ့အကြုံနှင့်အတွေးအမြင်များ-စာ-၁၈၇
ပန်းကမ္ဘာ တရားတော် များမှ
ပြန်လည် မျှ ဝေ လိုက် ပါ သည်
လမ်းပြမြေပုံလေး..

1 comment:

  1. So you mean the All-Knowing Buddha believed that the main objective of 969 group is just worthless as grass, right? :)
    How funny.

    ReplyDelete